မေမေ ဖွားဖွားတို့နဲ့အတူ ဘားအံ သွားလည်တယ် ... ဟိုနေ့တုန်းက။
မေမေ့ရဲ့ သူငယ်ချင်းနဲ့အတူ ဓာတ်ပုံ တွဲရိုက်တယ်။
ရွာကနေ မြို့ကို သွားလည်ရတာ သိပ်ကောင်း။
စောသာရှီး မြို့ရောက်တော့ ကြိုဆိုမှုက သိပ်ကောင်းတယ်။
ရွာမှာတော့ ကောင်းတယ်လို့တော့ ပြောလို့ မရဘူးပေါ့၊ စောသာရှီးကို ဖိုးရုပ်ဆိုးလေးလို့ ခေါ်သူတွေ ရှိတယ်။ နောက်မှ မြင်ပါများမှ ကြည့်ရ အဆင်ပြေသွားတယ်လို့တောင် ဆိုသူက ဆိုကြတယ်။
ကလေးမှန်သမျှ ချစ်စရာ ကောင်းနေတာပဲ မဟုတ်လား။
စောသာရှီးလည်း ကလေး ဆိုတော့ ချစ်စရာပါပဲ။
သူ့အစ်ကိုနဲ့ မတူလို့ ဖိုးရုပ်ဆိုး ခေါ်ချင်ကြ ဆိုပဲ။
ပြောတဲ့သူတွေ မသိတာက ... သူ့အစ်ကိုလည်း ဒီအရွယ်တုန်းက ဒီပုံစံ ဒီမျက်နှာပေါက်ပါပဲ။
နည်းနည်း ကြီးလာလို့ ရုပ်ပြောင်းသွားတာ။

စောသာရှီးလည်း ၀တုတ်ကလေးပဲ..စောဝါးဝါးရှီးလေးက ပိန်ရှည်လေးဖြစ်လာတယ်..
ReplyDeleteဒေါင်းအမျိုးဆိုဒီလိုဘဲလေ
ReplyDelete